ပြတ်ပြီဟေ့!

စည်းမျဥ်း စည်းကမ်းများ

Myanmar

၁. ဆေးရွက်ကြီးသုံးစွဲမှု ရပ်တန့်ရေး တယ်လီ-အကြံပေး ဝက်ဘ်ဆိုက် (ဆေးလိပ်ဖြတ်ပြီဟေ့ ဖုန်းလိုင်း) တွင် ဆေးရွက်ကြီးသုံးစွဲမှုဖြတ်ရန် ရှာကြံနေသော ပုဂ္ဂိုလ်တစ်ဦးချင်းစီကို အကြံ ပေးဝန်ဆောင်မှုများ ထောက်ပံ့ပေးဖို့ လေ့ကျင့်ထားတဲ့ လိုင်စင်ရ ကျန်းမာရေး စောင့်ရှောက်မှု ကျွမ်းကျင်သူများနှင့် အခမဲ့ဝန်ဆောင်မှုပေးသွားမှာ ဖြစ်ပါတယ်။
၂. “ဆေးလိပ်ဖြတ်ပြီဟေ့ ဖုန်းလိုင်း” တယ်လီ-အကြံပေး ဝက်ဘ်ဆိုက်မှ ဆေးကုသမှု မပေးပါ။ ယခုဝန်ဆောင်မှုကို စနစ်တကျ ဆေးလိပ်ဖြတ်လိုသူတစ်ဦးစီအတွက် အကြံဉာဏ်၊ လမ်းညွှန်မှုနဲ့ ဆေးလိပ်ဖြတ်ဖို့ အစီအစဉ်တို့ကိုသာ ထောက်ပံ့ပေးဖို့ ရေးဆွဲထားတာ ဖြစ်ပါတယ်။
၃. ဖုန်းဖြင့် ဆွေးနွေးအကြံပေးစဉ်မှာ ပေးအပ်ရရှိတဲ့ အချက်အလက်များ၊ ရင်းမြစ်များမှ တစ်စုံတစ်ရာ ထိခိုက်မှုရှိလာပါက “ဆေးလိပ်ဖြတ်ပြီဟေ့ ဖုန်းလိုင်း” ဝက်ဘ်ဆိုက်ရဲ့ တာဝန်မဟုတ်ကြောင်း သိနားလည်ရပါမယ်။
၄. ဒီဝန်ဆောင်မှုကို အသုံးပြုသူတွေဟာ ဆေးလိပ်ဖြတ်ဖို့ သတ်မှတ်ထားတဲ့ ကာလအတွင်း ဆေးလိပ်ဆေးရွက်ကြီးနှင့် အခြားထုတ်ကုန်များကို ပြန်လည်သောက်သုံးခြင်းကို ပြုလုပ်ခဲ့ပါကလည်း အသုံးပြုသူရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့တာဝန်သာဖြစ်ပါတယ်။
၅. “ဆေးလိပ်ဖြတ်ပြီဟေ့ ဖုန်းလိုင်း” ဝက်ဘ်ဆိုက်ကို ဝင်ရောက်တဲ့အခါ ကျွန်တော်တို့ မထိန်းချုပ်နိုင်တဲ့ အခြားဝက်ဘ်ဆိုက်လင့်(Link)များကိုလည်း တွေ့ရှိရနိုင်ပါတယ်။ အဆိုပါ ဝက်ဘ်ဆိုက်တွေမှာ ပါဝင်တဲ့ အကြောင်းအရာများနဲ့ သူတို့ရဲ့ လုံခြုံရေးစည်းကျပ်မှုအတွက် ကျွန်တော်တို့မှာ တာဝန်မရှိပါ။
၆. “ဆေးလိပ်ဖြတ်ပြီဟေ့ ဖုန်းလိုင်း” ဝက်ဘ်ဆိုက်ဟာ တယ်လီ-အကြံပေးခြင်းနဲ့ အခြားရင်းမြစ်များ အပါအဝင် မိမိပေးနေတဲ့ ဝန်ဆောင်မှုရဲ့ မည်သည့်အစိတ်အပိုင်းကိုမဆို ကြိုတင်အကြောင်းကြားစရာမလိုဘဲ ပြုပြင်နိုင်ခွင့်၊ သို့မဟုတ် ရပ်တန့်နိုင်ခွင့် ရှိပါတယ်။
၇. ဒီဝန်ဆောင်မှုကို အသုံးပြုသူတွေက ဖော်ပြထားတဲ့ဝန်ဆောင်မှုကို အခြားသော တရားဥပဒေနဲ့မညီတဲ့ ရည်ရွယ်ချက်တွေအတွက် အသုံးပြုခြင်းမှ တားမြစ်ပိတ်ပင်ထားပါတယ်။
၈. ဝန်ဆောင်မှုကို အသုံးပြုနေချိန်အတွင်းမှာ ဝန်ဆောင်မှုနှောင့်နှေးကြန့်ကြာခြင်း၊ နည်းပညာချို့ယွင်းခြင်းစတဲ့ နည်းပညာအခက်အခဲတွေရှိလာပါက “ဆေးလိပ်ဖြတ်ပြီဟေ့ ဖုန်းလိုင်း” တယ်လီ-အကြံပေး ဝက်ဘ်ဆိုက်ရဲ့ တာဝန်မဟုတ်ကြောင်း သိရှိနားလည်ရပါမယ်။
၉. “ဆေးလိပ်ဖြတ်ပြီဟေ့ ဖုန်းလိုင်း” တယ်လီ-အကြံပေး ဝက်ဘ်ဆိုက်ကို အသုံးပြုသူတွေဟာ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို သဘောတူလိုက်နာရပါမယ်။
၁၀. “ဆေးလိပ်ဖြတ်ပြီဟေ့ ဖုန်းလိုင်း” တယ်လီ-အကြံပေး ဝက်ဘ်ဆိုက်မှ ပိုမိုကောင်းမွန်တဲ့ဝန်ဆောင်မှုတွေပေးနိုင်ဖို့နှင့် အသုံးပြုသူတွေအတွက် ဆေးလိပ်ဖြတ်ဖို့အစီအစဉ်တွေရေးဆွဲပေးပြီး ပြန်လည်သုံးသပ်နိုင်ဖို့အတွက် ဝက်ဘ်ဆိုက်ဘက်မှ ဝန်ဆောင်မှုကို အသုံးပြုသူတွေရဲ့ အချက်အလက်တွေကို စုဆောင်းသိမ်းဆည်းထားပါမယ်။
၁၁. “ဆေးလိပ်ဖြတ်ပြီဟေ့ ဖုန်းလိုင်း” တယ်လီ-အကြံပေး ဝက်ဘ်ဆိုက်ထဲမှာရှိတဲ့ မူပိုင်ခွင့်၊ တံဆိပ်အမှတ်အသား၊ ဒီဇိုင်းပုံမူပိုင်ခွင့်၊ ဖန်တီးမှုမူပိုင်ခွင့်နှင့် content များအားလုံးဟာ ဝက်ဘ်ဆိုက်ထဲမှာ သို့မဟုတ် မူပိုင်ခွင့်ပိုင်ဆိုင်ထားသောသူတွေဆီမှာ ကျန်ရှိနေမှာဖြစ်ပါတယ်။ အထက်ပါအချက်အလက်တွေကို အခြားသူများမှ ပြန်လည်ကူးယူဖော်ပြခြင်း၊ တစ်စိတ်တစ်ပိုင်းကူးယူထုတ်လွှင့်ခြင်းစတာတွေကို စီးပွားရေးနှင့်မသက်ဆိုင်သော ကိုယ်ပိုင်ပုဂ္ဂိုလ်ရေးကိစ္စအတွက်မှလွဲ၍ ကူးယူအသုံးပြုခြင်း၊ ပြန်လည်ပြုပြင်ပြီး အသုံးပြုခြင်း ခွင့်မပြုပါ။ “ဆေးလိပ်ဖြတ်ပြီဟေ့ ဖုန်းလိုင်း” တယ်လီ-အကြံပေး ဝက်ဘ်ဆိုက်ထဲမှာရှိတဲ့ content များကို အခြားသောကိစ္စများအတွက် အသုံးပြုမည်ဆိုပါက ကျွန်တော်တို့ဘက်မှ တရားဝင်ခွင့်ပြုချက်လိုအပ်ပါတယ်။
၁၂“ဆေးလိပ်ဖြတ်ပြီဟေ့ ဖုန်းလိုင်း” တယ်လီ-အကြံပေး ဝက်ဘ်ဆိုက်မှ အထက်ပါဖော်ပြချက်တွေကို အချိန်နဲ့တပြေးညီ update လုပ်ပေးသွားပါမယ်။ ဝန်ဆောင်မှုကို အသုံးပြုသူတွေဘက်မှလည်း ဒီဖော်ပြချက်တွေကို သေချာလိုက်နာဖို့အတွက် ပြန်လည်မျှဝေ ပြောပြပေးသင့်ပါတယ်။

English

1. The Quit Tobacco tele-counselling website ( ) provides access to licensed healthcare professionals who are trained to provide tele-counselling services to individuals seeking to quit tobacco use.
2. The Quit Tobacco tele-counselling website does not provide medical treatment. The service is designed to provide support, guidance and advice to help individuals develop a personalized quit plan.
3. The Quit Tobacco tele-counselling website is not responsible for any loss or damage resulting from the use of the information or resources provided during the tele-counselling session.
4. Users are responsible for their own actions and decisions regarding their tobacco use and throughout quitting journey.
5. The Quit Tobacco tele-counselling website may contain links to other websites that are not under our control. We are not responsible for the content or privacy practices of these websites.
6. The Quit Tobacco tele-counselling website reserves the right to modify or discontinue any aspect of the service, including the tele-counselling session and resources, at any time without notice.
7. Users are prohibited from using the service for any unlawful or unauthorized purposes.
8. The Quit Tobacco tele-counselling website is not responsible for any technical issues, including interruptions, delays, or errors, that may occur while using the service.
9. By using the Quit Tobacco tele-counselling website, users agree to comply with all applicable existing laws and regulations.
10. This website will collect data which is provided by the users for analysis, creating quit plans, and studying so that we can provide better service later.
11. All copyright, trademarks, design rights, patents, and other intellectual property rights (registered and unregistered) in and on and all content (including all applications) located on the site shall remain vested in the or its licensors (which includes other users). You may not copy, reproduce, republish, disassemble, decompile, reverse engineer, download, post, broadcast, transmit, make available to the public, or otherwise use content in any way except for your own personal, non-commercial use. Any contents of are not allowed to adapt, alter or create a derivative work except for your own personal and non-commercial use. Any other use of content requires our prior written permission.
12. The Quit Tobacco tele-counselling website may update these terms and conditions at any time. Users should review these terms and conditions periodically to ensure compliance.

Back To Home